အောင်မြတ်သာနှင့်လူရွတ်ငအောင်

“ ငအောင်.. တောင်ပေါ်မှာ ဘိုးတော်လိုလို ဘာလိုလို လူတွေရောက်နေတယ်တဲ့” မောင်မြင့်စကားကြောင့် အရက်ခွက်ကိုကိုင်ထားတဲ့ ငအောင်က စုတ်တစ်ချက်သပ်လိုက်ပြီး “ ဘိုးတော်မကလို့ ဘာပဲရောက်ရောက် မင်းနဲ့ဘာဆိုင်လို့လဲ၊ သောက်စရာရှိတာသောက်” ငအောင်က အရက်ခွက်ကို ဇောက်ခနဲချပေးလိုက်ပြီး စားပွဲပေါ်မှာရှိတဲ့ ငါးခြောက်တစ်ဖတ်ကို…

အောင်မြတ်သာနှင့်အပင်းတိုက်သူ

အောင်မြတ်သာတို့ဆရာတပည့်တွေ ကေသလာတောင်ကနေထွက်လာခဲ့ပြီးနောက်ပိုင်း ကိုယ်ပျောက်ပဝါကို ယူသွားခဲ့တဲ့ မှင်စာနေထိုင်ရာ ထုံးကျောက်တောင်ရှိရာဘက်ကို ခြေဦးလှည့်ခဲ့ကြတယ်။ထုံးကျောက်တောင်ဆိုတာက အလွန်မတ်စောက်ပြီး မြင့်မားတဲ့အတွက် ဘယ်သူမှအပေါ်ကိုမရောက်ဖူးကြဘူး။ ဒေသခံတွေရဲ့ပြောစကားအရ ထုံးကျောက်တောင်မှာ မှင်စာသိုက်ရှိတယ်လို့ကြားသိခဲ့ရတယ်။ မှင်စာသေးသေးလေးတွေက လပြည့်လကွယ်နေ့တွေဆိုရင် ထုံးကျောက်တောင်ပေါ်ကနေ တန်းစီပြီးဆင်းလာပြီး တောင်ခြေမှာ ခုန်ပေါက်ဆော့ကစားတတ်တယ်လို့လဲ ပြောစမှတ်ရှိခဲ့ကြတယ်။အောင်မြတ်သာတို့ထုံးကျောက်တောင်ခြေနားကိုရောက်တော့…